Friday, October 28, 2011

Ubuntu (Linux)နဲ့ဆင်တဲ့ မြန်မာ OSစမ်းသုံးကြမယ်

မိမိတို့ သမိုင်းတွင် ပြန်မကြုံဆုံနိုင် တော့သည့် တစ်ဂဏန်း အများဆုံး ဆုံသော ၁၁.၁၁.၁၁ ရက်နေ့တွင် ထုတ်ဝေ ဖြန့်ချိမည်ဟု ဆိုသည့် ပထမဆုံး မြန်မာစာသုံး ကွန်ပျူတာ စက် လည် ပတ်မှုစနစ် (Myanmar Operating System) တစ်ခုဖြစ်သော Tharlon OS ၏ အစမ်း သဘောထုတ်သည့် Beta Version 1.0 ကို အောက်တိုဘာလ ၈ ရက်နေ့က ထုတ်လုပ် နိုင်ခဲ့ကြောင်း အဆိုပါ OS ဖြစ်မြောက်ရေး ဝိုင်းဝန်း ကြိုးပမ်းကြသူများထံမှ စုံစမ်း သိရှိရသည်။ ပြီးခဲ့သောနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် မြန်မာ့ပထမ ဆုံး TEDxYouth@Yangon ပွဲတွင် “မြန်မာစာ သုံးစက် လည်ပတ်မှု စနစ်ဘာလို့ မဖြစ်နိုင်မှာလဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် မဟောပြောခင် လပေါင်းများစွာကပင် အဆိုပါ Myanmar OS အတွက် စိတ်ကူးရှိနေခဲ့ကြောင်း သာလွန် OS ဖြစ်မြောက်ရေး ကြိုးပမ်းကြ သူများတွင် တစ်ဦး အပါအဝင်ဖြစ်သည့် ဦးငွေထွန်း က ဆိုသည်။
သာလွန် OS ကို ပြည်တွင်းပြည်ပ ရှိ မြန်မာစာသုံးကွန်ပျူတာ လည်ပတ် မှုစနစ် ဖြစ်ပေါ်လာရေး ထောက်ခံ အား ပေးသူများ စုပေါင်းကာ လွန်ခဲ့သည့် မေလက စတင်၍ ကြိုးပမ်းလုပ်ဆောင် ခဲ့ကြောင်း၊ သာလွန် OS မြန်မာမှုပြုရေး တွင် စတင်ချိန်က မျှော်လင့်ထားသည် ထက် ပိုမိုပြီးပြည့်စုံခဲ့ပြီး ယခုအစမ်း သဘော ထုတ်ဝေသည့် Version တွင် ကွန်ပျူတာ စနစ်တစ်ခုလုံး၌ ဖွင့်လျှင်ဖွင့်ချင်း မြင်ရသည့် နေရာများနှင့် မရှိမဖြစ် အသုံးတွင်ကျယ်သည့် Software ၁၀ ခု ကျော်ကို မြန်မာစာ အညွှန်းများဖြင့် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သာလွန် OS Project Manager ကိုသူရလှိုင်က ဆိုသည်။ သာလွန် OS သည် နာမည်ကျော် အသုံးများသည့် Linux Distro တစ်ခု ဖြစ်သည့် Ubuntu OS Version 10.10 ကို အခြေခံ၍ မြန်မာမှုပြု ထုတ်လုပ်ထား ခြင်းဖြစ်ပြီး ကွန်ပျူတာ စနစ်တစ်ခုလုံး ရှိ မြန်မာဘာသာ စကားအသုံးများ အတွက် ယူနီကုတ်စံနှုန်း အတိုင်း လိုက် နာထုတ်လုပ်ထားသည့် ယွန်းချိုယူနီ ကုတ် Font ကို အနည်းငယ်ပြုပြင်ထား သော သာလွန်ယူနီကုတ်စံ Font ကို အသုံးပြုထားသည်။ (သာလွန် Font ကို အသုံးပြုသူများ အနေဖြင့် Myanmar NLP Lab မှထုတ်လုပ်ထားသည့် မြန်ဆန် လက်ကွက် အခင်းအကျင်း အတိုင်း အသုံး ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။) Tharlon OS ရှိ မြန်မာဘာသာ ပြန်ဆိုမှုများ အတွက် မြန်မာ Open source Developer များ အသိုင်းအဝိုင်း တစ်ခုဖြစ်လာစေရန် ရည်ရွယ်သည့် Libre Works ၏ ပံ့ပိုးကူညီမှုဖြင့် Myanmar L10N Group (Myanmar Localization Group ကကြိုးပမ်းလုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။
Myanmar L 10 N Group သည် မြန်မာစာသုံး ကွန်ပျူတာ စက်လည်ပတ်မှု စနစ်ဖြစ် မြောက်ရေးစိတ်ပါဝင်စားသည့် ပြည်တွင်း ပြည်ပရှိ လူငယ်အများစုဖြင့် စုဖွဲ့လုပ် ဆောင်နေသော အသိုင်းအဝိုင်းတစ်ခု ဖြစ်သည်။ ယခုထုတ်ဝေလိုက်သည့် Tharlon OS Beta Version ကို စမ်းသပ်သုံးစွဲ ကြည့်နိုင်ရန် အောက်တိုဘာလ ၁၂ ရက် နေ့ (ကြာသပတေးနေ့)တွင် အများပြည် သူလက်ဝယ်သို့ ဖြန့်ချိပေးမည်ဖြစ်ပြီး သာလွန် OS ၏ Facebook စာမျက်နှာ http://facebook.com/tharlonos တွင် Tharlon OS Beta Version အားရယူနိုင် သော နေရာများကို ဖော်ပြထားသည်။ လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် Tharlon OS ၏ “ပျူ” Version ကို ပထမဦးဆုံးအကြိမ် ထုတ်ဝေဖြန့်ချိသွား မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ရယူ အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း 32 bit နှင့် 64 bit ကွန်ပျူတာ နှစ်မျိုး စလုံးအတွက် ထုတ်လုပ်ဖြန့်ချိသွားမည် ဖြစ်ပြီး မရှိမဖြစ် Software များသာ ထည့်သွင်းပေးထားသည့် ကျောင်းသား သုံး အပေါ့စား Tharlon Student Edition (CD) နှင့် လုပ်ငန်းသုံး Tharlon Professional Edition (DVD) ဟူ၍ နှစ် မျိုးထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်း Myanmar L1oN Group ထံမှ သိရှိရသည်။
သာလွန် OS Beta Version သည် အစမ်းသဘော ထုတ်ဝေခြင်းဖြစ်သည့် အားလျော်စွာ လိုအပ်ချက်များ ပြုပြင်ရန် များစွာ ရှိသေးကြောင်း၊ သို့ဖြစ်၍ ပိုမို ကောင်းမွန်ပြည့်စုံသော OS တစ်ခုဖြစ် လာရေး အလို့ငှာ အပြုသဘောဆောင် သောဝေဖန်အကြံပြုချက်များကို Myanmar L10N Group ၏ Facebook စာ မျက်နှာဖြစ်သော http://facebook.com/groups/myanmarl10N တွင် ဝင်ရောက် ရေးသားနိုင်ကြောင်း၊ Tharlon OS ၏ Website ဖြစ်သော http://ww.tharlon. org ကိုလည်း ပြင်ဆင်လျက်ရှိပြီး များမကြာမီအချိန်တွင် အများပြည်သူများ ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း အဆိုပါ Myanmar L10N Group ထံမှ သိရှိရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း Apple က ထုတ်ဝေခဲ့သည့် Mac OS X Lion နှင့် စက်တင်ဘာလအတွင်း Microsoft က ထုတ်ဝေခဲ့သည့် Windows 8 Developer Preview တို့တွင် ယူနီကုတ်စံနှုန်းအတိုင်း လိုက်နာထုတ် လုပ်ထားသည့် မြန်မာယူနီကုတ်စံ Font များ ပါဝင်လာပြီး ယခု Tharlon OS မှာ မြန်မာယူနီကုတ်စံ Font အသုံးပြု ထားပြီး စနစ်တစ်ခုလုံးကိုပါ မြန်မာမှု ပြုထားသော မြန်မာစာသုံး စက်လည်ပတ် မှုစနစ်အဖြစ် ပထမဆုံးအကြိမ် ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။

From  7 days

ဩစတြေးလျ ပညာရေး TOEFL အမှတ်ပါ လက်ခံတော့မည်

TOEFL အပါအဝင် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲအချို့ တို့ကို လာမည့် ဖေဖော်ဝါရီ ကျောင်းဝင်ခွင့်မှ စ၍ လက်ခံ ပေးတော့မည်ဟု ဩစတြေးလျ လူဝင်မှုကြီးကြပ်ရေးမှ ထုတ်ပြန် ကြေညာခဲ့သည်။ High-Risk နိုင်ငံအဆင့်ဟု သတ်မှတ်ထားသည့် တရုတ်၊ အိန္ဒိ ယနှင့် မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံ များရှိ ကျောင်းသားများသည် ဩစတြေးလျနိုင်ငံသို့ ပညာ သွားရောက် သင်ကြားကြမည်ဆိုပါက အင်္ဂလိပ်စာ ကျွမ်းကျင်မှု သက်သေခံအဖြစ် IELTS အမှတ်စာရင်း ကိုသာ တင်ပြ ကြရပြီး အဆိုပါ တင်ပြမှုသည် ယခု ကြေညာချက်ကြောင့် အဆုံးသတ်သွား နိုင်မည်ဖြစ်သည် ဟု မြန်မာ့ ပညာရေး အတိုင်ပင်ခံ အချို့က သုံးသပ်မှုများ ရှိနေကြသည်။
ပညာရေးအတိုင်ပင်ခံ ဦးအောင် ကျော်ဆန်းက "ဖေဖော်ဝါရီ Intake မှာ စပြီး TOEFL အမှတ်နဲ့ စလျှောက်ပေးနိုင်တာပေါ့။ နောက် ပြီး တချို့စာမေးပွဲအောင် သက်သေ ခံလက်အမှတ်အချို့ပါ အကျုံးဝင် နိုင်တယ်လို့ ဆိုထားတဲ့အတွက် TOEFLအပြင် တခြားစာမေးပွဲတေဖြစ်တဲ့ PTE တို့၊Cambridge English တို့ကို ဖြေထားတဲ့သူတေ်ွ ရှိရင်လည်း အဆင်ပြေသွားတာ ပေါ့"ဟု ပြောသည်။ ဩစတြေးလျသို့ ပညာသွား ရောက်သင်ချင်သူ ကျောင်းသားအ ချို့မှလည်း ယခုထုတ်ပြန်ချက် ကြောင့် အင်္ဂလိပ်စာအရည်အချင်း စစ်စာမေးပွဲ တစ်မျိုးတည်းမဟုတ် ဘဲ ကြိုက်နှစ်သက်ရာကို ရွေးချယ် ဖြေဆိုခွင့်ရှိသွားသည့်သဘောဟု သာ မှတ်ယူသည်ဟု သိရသည်။ မကြာသေးသည့် ကာလ အတွင်းက နိုင်ငံတကာကျောင်း သားများနှင့် ပတ်သက်၍ ကြေညာ ချက်တစ်စောင်ကိုပါ ဩစတြေးလျ လူဝင်မှုကြီးကြပ်ရေးမှ ထုတ်ပြန်ကြေ ညာခဲ့ပြီးဖြစ်ရာ နိုင်ငံတကာကျောင်း သားများအနေဖြင့် ကျောင်းတက်ရန် ပိုမိုအဆင်ပြေလာနိုင်သည့်အပြင် ဗီဇာငြင်းပယ်ခံရမှုများပါ လျော့နည်း သွားဖွယ်ရှိသည်ဟု ပညာရေး အသိုင်းအဝိုင်းက ဝိုင်ဝန်းသုံးသပ်မှု များ ရှိနေကြသည်။

from-  7Days

LCCI စာမေးပွဲများကို နယ်မြို့များတွင် ဖြေဆိုနိုင်ပြီ

မြန်မာနိုင်ငံတွင် လူငယ်အများစု ဖြေ ဆိုလျက်ရှိသော LCCI  စာမေးပွဲများကို ၂၀၁၀ ဇွန်လအထိ ရန်ကုန်မြို့နှင့် မန္တလေး မြို့များတွင်သာ ကျင်းပပေးလျက်ရှိသော်လည်း ၂၀၁၀ နိုဝင်ဘာလမှစ၍ အလှမ်း ဝေးသောနယ်မြို့များတွင်ပါ စာစစ်ဌာနများ ဖွင့်လှစ်၍ စစ်ဆေးပေးလျက်ရှိကြောင်း ဗြိတိ သျှကောင်စီ စာမေးပွဲဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
LCCI စာမေးပွဲ များကို ၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် တောင် ကြီး၊ လားရှိုးနှင့် မုံရွာမြို့များတွင် စတင်စမ်း သပ်စစ်ဆေးပေးခဲ့ပြီး စာမေးပွဲဖြေဆိုသူ လူငယ်များအတွက် အကျိုးရှိသဖြင့် ၂၀၁၁ ဇွန်လတွင် မော်လမြိုင်၊ ကလေးနှင့် မြစ်ကြီး နားမြို့များတွင်ပါ ထပ်မံတိုးချဲ့စစ်ဆေးပေး ခဲ့ပါသည်။ ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်LCCI စာမေးပွဲတွင် ဗန်းမော်၊ မကွေးနှင့် ရွှေဘိုမြို့များသို့ပါ ဗြိတိသျှ ကောင်စီ စာမေးပွဲဌာနမှ စာမေးပွဲကြီးကြပ် သူများစေလွှတ်၍ ကျင်းပပေးမည်ဖြစ်သော ကြောင့် ယခုအခါ ရန်ကုန်မြို့နှင့် မန္တလေး မြို့များအပြငLCCI စာမေးပွဲကျင်းပသည့် မြို့ ၉ မြို့ရှိသွားပြီဖြစ်ပါသည်။ ဤသို့စီစဉ်ရခြင်းမှာ နယ်ဒေသများရှိ LCCI သင်တန်းသူ၊ သင်တန်းသားများ အဆင်ပြေစေရေးအတွက် ရည်ရွယ်ဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ LCCI စာမေးပွဲ ဖြေဆိုလိုသူများအနေနှင့် မိမိနေရပ်၌ပင် အိုးမကွာအိမ်မကွာ သင်တန်းတက်ပြီး စာမေးပွဲ ဖြေဆိုနိုင်သည့်အတွက် ငွေကြေး ကုန်ကျမှုကို သက်သာစေနိုင်ကြောင်း၊ ယခင်ကကဲ့သို့ ရန်ကုန်နှင့် မန္တလေးမြို့များ သို့ စာမေးပွဲလာရောက်ဖြေဆိုရန် မလိုအပ် သည့်အတွက် ခရီးစရိတ်၊ စားစရိတ်စသည့် အပိုကုန်ကျစရိတ်များကို လျော့ပါးစေနိုင် ကြောင်း၊ ထိုသို့ သွားရောက် စစ်ဆေးပေး သောမြို့များတွင် ရန်ကုန်နှင့် မန္တလေးမြို့ များမှ သွားလာရေးခက်ခဲသောမြို့များကို ဦးစားပေးစီစဉ်ပေးခြင်းဖြစ်ကြောင်း ဗြိတိ သျှကောင်စီ စာမေးပွဲဌာနမန်နေဂျာ ဒေါ်ဝင် ဒီတင်ဝင်းကြည်မှ ပြောကြားသည်။ အချို့သော ကျောင်းသားများသည် နယ်မြို့များတွင် LCCI သင်တန်းများကို တက်ရောက်သင်ကြားခဲ့ကြသော်လည်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ စာမေးပွဲ သွားရောက်ဖြေဆိုရန် ငွေကြေးအခက်အခဲ များနှင့် ကြုံတွေ့ခဲ့ကြသည်။
ယခုကဲ့သို့ ဗြိတိသျှကောင်စီမှ စီစဉ်ပေးမှုကြောင့် သင်တန်းသူ သင်တန်းသားများအနေဖြင့် ငွေကြေးကုန်ကျမှုနည်းစွာဖြင့် အပြည်ပြည် ဆိုင်ရာ အရည်အချင်းစစ် လက်မှတ်တစ်ခု ကို ရရှိမည်ဖြစ်ကြောင်း ၄င်းမှ ဆက်လက် ပြော ဆိုပါသည်။ LCCI စာမေးပွဲများကို မြန်မာနိုင်ငံတွင် ၁၉၆၀ ကျော်နှစ်များမှစ၍ ဗြိတိသျှကောင်စီမှကြီးမှူး၍ ကျင်းပပေးခဲ့ ရာ မြန်မာနိုင်ငံမှအောင်လက်မှတ်နှင့် ဒီပလ မာရရှိသူ မြောက်မြားစွာရှိနေပြီဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် နှစ်စဉ်LCCI စာမေးပွဲကို ၃၀ဝ၀ဝ ကျော် ဖြေဆိုကြပြီး အောင်ချက် ၇၀ ရာခိုင်နှုန်းရှိကြောင်း၊ အခြားမြို့ကြီးများတွင်လည်း လိုအပ်ချက် အရ စာမေးပွဲကြီးကြပ်သူများကို စေလွှတ်၍ ထပ်မံတိုးချဲ့စစ်ဆေးသွားမည်ဖြစ်သည်။ LCCI စာမေးပွဲများ အကြောင်းကို အသေးစိတ်သိရှိလိုပါက ဗြိတိသျှကောင်စီ စာမေးပွဲများဌာန (ရန်ကုန်)ဖုန်း- ၂၅၆၂၉၀၊ ၂၅၆၂၉၁ လိုင်းခွဲ ၃၄၄၃၊ ၃၃၀ဝ နှင့် ဗြိတိသျှကောင်စီ စာမေးပွဲများဌာန (မန္တ လေး) ဖုန်း ဝ၂ ၃၃၉၀၄ လိုင်းခွဲ ၈၀၂ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Windows 8 Developer Edition အသုံးပြု နည်း သင်တန်းအခမဲ့သင်ကြား ပေးမည်


'Windows 8 Developer Edition' အသုံးပြု နည်း သင်တန်း “အခမဲ့” သင်ကြား ပေးမည်
နိုင်ငံတကာ အဆင့်မီ Software များ ရေးသား ပေးနေသော Software သည် Microsoft ၏ Gold Certified Partner Company တစ်ခုဖြစ်ပြီး နိုင်ငံ တကာ အဆင့်မီ Professional သင် တန်းများကို Microsoft မှ MVP နှင့် Master လက်မှတ်ရ ဆရာ/ဆရာမ များ၊ Sun မှ Oracle နှင့် Java Certificate လက်မှတ်ရများမှ စနစ်တကျ သင်ကြားပေးနေသော တစ်ခုတည်း သော သင်တန်းကျောင်းဖြစ်သည်။
Microsoft ၏ အသစ်ထွက်ရှိမည့် Microsoft Windows 8 Developer Version (Beta) ကို ကျွမ်းကျင်စွာ အသုံးပြု တတ်စေရန် Windows 8 Course ကို ပညာဒါနအနေဖြင့် Myanmar Softcom Technology မှ ပထမ ဆုံး စတင်ဖွင့်လှစ် ပေးသွားမည်ဟု သိရသည်။ Microsoft ၏ Windows 8 OS ကို ကမ္ဘာပေါ်ရှိ User / Developer အား လုံးက အသုံးပြုဖို့ စောင့်စားနေ သည့်အလျောက် Final Release ထွက်ရှိလာပါက ကျွမ်းကျင်စွာ အ သုံးပြု တတ်နိုင်ရန် ကြိုတင် သိရှိ နိုင်သော ကောင်းမွန်တဲ့ အခွင့်အ လမ်းတစ်ခု ဖြစ်ပါတယ်။
“ဒီသင် တန်းကို user တွေရော၊ Developer တွေပါ တက်နိုင်ပါတယ်။ Windows 8 ရဲ့ အသစ်ပါရှိလာတဲ့ features တွေ၊ Install ပြုလုပ်ပုံအဆင့်ဆင့်၊ Configuration လုပ်ပုံ၊ Developer Tools တွေအကြောင်း၊ Windows 8 ၏ အားသာချက်များ၊ Security တို့ကို အသေးစိတ် သင်ရိုးညွှန်းတမ်း တစ်ခုအနေနှင့် ၇ ရက်တိတိ စနစ် တကျ သင်ကြားပေးသွားမှာပါ။ Microsoft ၏ Gold Certified Partner Logo ပါ Certificate ကို သင်တန်းတက် တဲ့ မည်သူမဆို ပေးအပ်သွားမှာ ဖြစ်ပြီး မည်သည့် သင်တန်းကြေးမှ ပေးစရာမလိုပါဘူး။ သင်တန်းပြီး ဆုံးသွားလို့ ကျွန်တော်တို့ဆီမှာ သင်တန်း တက်ချင်ရင်လည်း Special Discount နှင့် လက်ခံပေးသွားမှာပါ။
ဒီသင်တန်းက Professional သင် တန်းဖြစ်လို့ ဒီလိုသင်တန်းဖွင့်တာ မြန်မာပြည်မှာ ပထမဆုံး ဖြစ်ပါ တယ်” ဟု Myanmar Softcom Technology မှ Managing Director ဦးနေမျိုး အောင်က NetGuide Journal သို့ ပြောပါသည်။ သင်တန်းကို ၁၁ လပိုင်း ၂၀၁၁ တွင် အတန်း ၄ တန်း လက်ခံ သင်ကြားပေးမည်ဖြစ်ပြီး တစ်တန်းကို သင်တန်းသား ၁၅ ဦး လက်ခံ သွားမည် ဖြစ်သော ကြောင့် စိတ်ပါဝင်စားသူများ Myanmar Softcom Technology တိုက် ၆၊ အခန်း ၆၅၊ လှိုင်ရတနာအိမ်ရာ၊ လှိုင်မြို့နယ်၊ (သံလမ်းမှတ်တိုင် အနီး)၊ ဖုန်း ဝ၉-၇၃၁၄၈၂၂၅၊ ဝ၉-၅၄၁၄၀၈၄၊ ဝ၉-၉၁၀၄၆၅၈၂ နှင့် ဝ၉-၈၆၁၈၉၁၆ သို့ ကြိုတင် စာရင်းပေးရန် လိုအပ်ပါသည်။

from NET GUIDE 

Wednesday, October 19, 2011

အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင် ကျောင်းမှ သင်တန်းများ ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်ကျောင်း သင်တန်း၊ ပန်းအလှ ပြင်သင်တန်း၊ အစားအစာနှင့် မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းများကို အောက်တိုဘာ ၁၇ ရက်နေ့ တွင် စတင်ဖွင့်လှစ်မည် ဟုသိရသည်။ သင်တန်းကာလမှာ တစ်လခွဲကြာ မြင့်မည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေပိတ်ရက်မှ လွဲ၍ ရုံးဖွင့်ရက်များတွင် နေ့စဉ်သင်ကြား ပေးမည်ဖြစ်သည်။
အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်း မြန်မာစာရေး ဖတ်တတ်သူ ပြည်ထောင်စု မြန်မာနိုင်ငံသား/သူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။
အဆိုပါကျောင်းသည် အချက်အပြုတ်၊ အချုပ်အလုပ်စသော လက်မှု ပညာရပ်များကို ကျွမ်းကျင်စွာသင်ကြား ပေးပြီး အသက်မွေးဝမ်းကျောင်း လုပ်နိုင်စေရန် ရည်ရွယ်ကာ ယင်းသင်တန်းများကို ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။
အထက်ပါသင်တန်းများကို တက် ရောက်လိုပါက အိမ်တွင်းမှု သက်မွေးလုပ် ငန်းပညာသင် ကျောင်း၊ ဓမ္မစေတီလမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၅၃၆၂၈၀ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

From Health Care

Security (Eithical Hacking) သင်တန်းဖွင့်ပြီ .............

Security နှင့် ပတ်သက်သည့် နိုင်ငံတကာ အသိအမှတ်ပြုသည့် စာမေးပွဲကို ဖြေဆိုရန်အတွက် ပြည်တွင်းတွင် Telecom နှင့် Cyber Security သင်တန်းကို ပထမဆုံး အကြိမ်အဖြစ် ဖွင့်လှစ်ပေးမည်ဖြစ် သည်ဟု အဆိုပါသင်တန်းကို ဖွင့် လှစ်ပေးမည့် M.S.T Computer Center မှ သိရသည်။ ယင်းသင်တန်းမှာ ပြည်တွင်း တွင် ပထမဆုံးအကြိမ်အဖြစ် ဖွင့် လှစ်သင်ကြားပေးခြင်းဖြစ်ပြီး ပြည် တွင်းတွင် နိုင်ငံတကာ အသိအ မှတ်ပြုSecurity ပညာရှင်များ ထွက် ပေါ်လာစေရန် ရည်ရွယ်သည်ဟု M.S.Tသင်တန်းကျောင်းမှ ဆရာ ဦးအောင်ဇော်မြင့်က ပြောကြား သည်။
ဦးအောင်ဇော်မြင့်က "သင် တန်းလုပ်ပေးတာကSecurity မှာ အမြင့်ဆုံးဖြစ်တဲ့ CEH (Certified Ethical Hacking)ကို ယူစေချင်တာ ပါ။ ကမ္ဘာကလည်း အသိအမှတ်ပြု ထားတဲ့ လက်မှတ်ဖြစ်ပါတယ်။ အဓိက သင်မယ့် ဘာသာရပ်တွေ အတွက် လိုအပ်တဲ့စာအုပ်တွေ ရှိ တယ်။ Tools တွေရှိတယ်။ အခွေ တွေရှိတယ်။ အဲဒါတွေနဲ့ စာမေး ပွဲကြေးကိုက ငါးသိန်းရှိပါတယ်။ ဒီ ceh ရပြီဆိုရင်တော့ ကမ္ဘာက အသိအမှတ်ပြု လက်မှတ်ပါပဲ။ ကွန်ပျူတာနဲ့ ကျောင်းပြီးသွားတဲ့ သူတွေ၊ Networking ကို လေ့လာ ထားတဲ့သူတွေ ဖြေဆိုရင် အဆင် ပြေပါတယ်။ သင်တန်းက နှစ်လ ပါ။ အခြားနိုင်ငံတွေမှာဆိုရင် တစ် ပတ်လောက်နဲ့ သင်ပေးတာ ရှိပါ တယ်။ သင်တန်းတက်မယ့် သူ တွေအတွက် အားလုံးကို ၁၅ ရာ ခိုင်နှုန်း ဈေးလျော့ပေးမှာပါ" ဟု ဆိုသည်။ ယင်းသင်တန်းအတွက် စာ မေးပွဲကြေးနှင့် ပစ္စည်းများအတွက် ငါးသိန်းကျပ် ကျသင့်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ငါးသိန်းဖြစ် သည်။ သင်တန်းတက်ရောက်မည့် သူတိုင်းကို ၁၅ ရာခိုင်နှုန်းလျော့ ဈေးပေးမည်ဖြစ်ပြီး M.S.Tမှ သင် တန်းသားဟောင်းများ၊ မြန်မာ့ ဆက်သွယ်ရေးမှ ဝန်ထမ်းများနှင့် ရတနာပုံတယ်လီပို့မှ ဝန်ထမ်းများ ဆိုပါက ၂၀ ရာခိုင်နှုန်း ဈေးလျော့ ပေးမည်ဟု သိရသည်။ ဦးအောင်ဇော်မြင့်က ဆက် လက်၍ "ဒီသင်တန်းက ဖွင့်ချင် တဲ့သူ ဖွင့်လို့မရပါဘူး။ ဒီသင်တန်း ဖွင့်မယ်ဆိုရင် EC Council ရဲ့ အသိ အမှတ်ပြု သင်တန်းကျောင်းဖြစ် ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော် တို့က အဲဒီအတွက် ပြင်ဆင်ရပါ တယ်။
သူတို့က လက်ခံမှဖွင့်လို့ အဆင် ပြေမှာပါ" ဟု ပြောသည်။ အဆိုပါ သင်တန်းကို ပြည် တွင်းတွင် ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်း သား အယောက် ၂၀ သာ သင် ကြားပေးမည်ဖြစ်သောကြောင့် စာ ရင်းပေးသွင်းနိုင်ပြီဟု သိရသည်။ စာရင်း ပေးသွင်းလိုသူများအနေ ဖြင့် အောက်တိုဘာ လလယ်ခန့် နောက်ဆုံးထား၍ ပေးသွင်းရမည် ဖြစ်သည်။ သင်တန်းကို တက်ရောက် လိုသူများအနေဖြင့် ဗိုလ်အောင် ကျော်လမ်းရှိ M.S.T Computer Center တွင် စုံစမ်းနိုင်ပြီး ဖုန်းနံပါတ် ၃၉၂၁၆၅ သို့ ဆက်သွယ်နိုင် သည်။

From  Net guide !!

ဂျပန်နှင့် ရုရှားဘာသာသင်တန်းများ ပညာဒါနသင်တန်း ဖွင့်လှစ်မည်

မြန်မာလူငယ်များ၊ အလုပ် အကိုင်အခွင့်အလမ်းများအတွက် အထောက်အကူဖြစ်စေရန် ရည် ရွယ်၍ (လုံးဝ) ပညာအလှူစစ်စစ် အဖြစ် ဂျပန်ဘာသာနှင့် ရုရှား ဘာသာ အခြေခံအဆင့် တန်းခွဲ သစ်များကို ၂၀၁၁ ခုနှစ်၊ အောက် တိုဘာလတွင် MDGE Japanese Schoolမှ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။
မိမိဘဝ တိုးတက်ရေးအ တွက် အမှန်တကယ် ပညာလို လားသူများ၊ နိုင်ငံတကာနှင့် ရင် ဘောင်တန်းနိုင်ရန် ကြိုးစားနေ ကြသူများအား ပံ့ပိုးပေးသည့် အနေဖြင့် အဆင့်မြင့်စာသင်ခန်း များတွင် တိကျခိုင်မာသည့် သင် ရိုးညွှန်းတမ်းများကို အသုံးပြုသင် ကြားပေးမည်ဖြစ်ပြီး သင်တန်း ကြေးနှင့် စာရွက်စာတမ်းကြေး များ လုံးဝကင်းလွတ်သည့် ပညာ အလှူစစ်စစ်ဖြစ်ကြောင်းတို့ကို MDGE Japanese Schoolမှ တာဝန်ခံ ကျောင်းအုပ်ဆရာမ ဒေါ်မြတ်မြတ် ဇင်ထံမှ သိရှိရပါသည်။
သင်တန်းချိန်များမှာ အပတ် စဉ် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ နေ့များဖြစ်၍ ဝန်ထမ်းများပါ တက် ရောက်သင်ယူနိုင်မည်ဖြစ်သည်။ ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများသည်MDGE Japanese Schoolအမှတ် ၂၃၊ ဒုတိယ ထပ်၊ ငုဝါလမ်း (အလုံဈေးအနီး)၊ အလုံမြို့နယ်၊ ဖုန်း- ဝ၉-၇၃၀ ဝ၂၅၁၆၊ ဝ၉-၇၃၀၃၈၂၄၆ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိ ရပါသည်။

G mail အကောင့်လုပ်မရဘူးလား ???

ပထမနည်း(FROM- Shwe အင်းသား)



မဇ္ဈိမ မှာ သတင်းလေးတစ်ပုဒ်ဖတ်လိုက်ရတော့ အံ့လည်းသြသွားတယ်ဗျာဖတ်ချင်ရင် ဒီမှာ ဖတ်ကြည့်လိုက်ပါ ဒါကြောင့် ကျွန်နော် တို့ မြန်မာပြည်က အင်တာနက်သုံးသူတွေ အဆင်ပြေအောင်လို့ ဒီပို့စ်လေး ကို တင်လိုက်တာပါ ကျွန်နော် ကိုယ်တိုင်လည်း Gmail အကောင့်အသစ်လုပ်ကြည့်ပီးသွားပါပီ တော်တော် အဆင်ပြေပါတယ် ဘာ Verify Code ၊ ဘာဖုန်းနံပါတ်မှ မတောင်းပါဘူး တော်တော်ကိုအဆင်ပြေပါတယ် အောက်မှ ပြထားပါတယ်  မရှင်းလျှင် ကျွန်နော့် ထံ မေလ်းပို့ပီး မေးမြန်းနိုင်ပါတယ်
Gmail အကောင့်အသစ်ကို မြန်မာပြည်က နေလုပ်မရဘူး ဖုန်းနံပါတ်တွေတောင်းနေတယ်ဆိုပီး

Sunday, October 16, 2011

"ပညာရပ်တစ်ခုအတွက် အောင်မြင်မှုသော့ချက်" ဟောပြောပွဲကျင်းပမည်

"ပညာရပ်တစ်ခုအတွက် အောင်မြင်မှုသော့ချက်" ဟောပြောပွဲကျင်းပမည်

ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ကျောင်းသား၊ကျောင်းသူများအတွက် "ပညာရပ်တစ်ခု အတွက် အောင်မြင်မှုသော့ချက်" ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာလ ၂၀ ရက်၊ ညနေ ၅း၃၀ တွင် ကျင်းပမည် ဖြစ်ပါသည်။
ထို ဆွေးနွေးပွဲတွင် ဆရာဦးအောင်ဝင်း (Aung Win Training Centre) မှ ကျောင်းသား၊ကျောင်းသူများ ပညာရပ်တစ်ခု သင်ကြားရာ၌ လိုရာပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် ကြိုးပမ်းမှုအပြင် ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် လိုအပ်သော အရည်အချင်းများ နှင့် ကျော်လွှားပုံ နည်းလမ်းကောင်းများအား အကြံပြု ဟောပြောမည် ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များနှင့် တက်ရောက်ရန်စာရင်းပေးရန်

IELTS စာမေးပွဲကို ၂၀၁၂မှစ၍မြန်မာငွေဖြင့်သာပေးသွင်းရတော့မည်

IELTS စာမေးပွဲကို ၂၀၁၂ဇန်န၀ါရီလမှစ၍မြန်မာငွေဖြင့်သာပေးသွင်းရတော့မည်ဖြစ်သည်
မြန်မာကျပ်ငွေ ၁၃၀၀၀၀ သာကျတော့မည်။ဗြိတိသျှကောင်စီတွင်သွင်းရမည်ဖြစ်ပြီး
လိုအပ်သောဓါတ်ပုံကိုလဲBC  မှာ ပင် ရိုက် ရတော့မည်ဖြစ်သည်။
ယခုနှစ်အတွက်လက်ကျန် IELTS စာမေးပွဲကို ၁၄၆ $ ပေးသွင်းရမည်ဖြစ်သည်

Hacker High School စာအုပ်များ

ကျနော်ဘာသာပြန်နေပါတယ်။ကြာပါဥိးမည်။
ဒီတော့ဘာသာပြန်ပေးမယ့်သူများ....မိမိသိတာကိုသူတပါးကိုမျှဝေချင်သူများ
ဒေါင်းပြီးဘာသာပြန်ကြပါ။သူကဟက်ကင်းကို  Eithical ပဲပြောတာ ပါ ။ဆကျူရတီအရသင်ပေးတဲ့
စာအုပ်တွေပါ......................


အောင်စာရင်းထွက်မည့်နေ့ (၂၀၁၁)

GTU  ကျောင်းများ၏အောင်စာရင်းကို   ၄  နိုဝင်ဘာတွင်ထွက်ရှိမည်ဟုသတင်းများထွက်ပေါ်
ကျောင်းအပ်ရက် ကို  ၁၅ ရက်  နေ့ နိုဝင်ဘာ  ၂၀၁၁ ဟုသိရ......


သတင်းမှန်မမှန်ကိုဆက်လက်စုံစမ်းနေပါသည်။တိတိကျကျသိရှိပါက တင်ပေးသွားပါမည်။



Saturday, October 15, 2011

မိဘမဲ့ ကလေးများနှင့်ဆင်းရဲချို့တဲ့ကလေးများအတွက်ပညာဒါန

မိဘမဲ့ ကလေးများနှင့်ဆင်းရဲချို့တဲ့ကလေးများအတွက်ပညာဒါန



မြန်မာနိုင်ငံအနှံ့ အပြားရှိမိဘမဲ့ ကလေးများနှင့်ဆင်းရဲချို့တဲ့ကလေးများအတွက် လေးနှစ်တာကာလအထိ
နေထိုင်စားသောက်မှုကိုပါတာဝန်ယူ၍အခမဲ့အသက်မွေးဝမ်းကျောင်းသင်တန်းများကို
ဆရာဦးအုန်းမြင့်(ဒီဇယ်)ကဖွင့်လှစ်မည်ဖြစ်ပါသည်။
လျှပ်စစ်နှင့်မော်တော်ယဉ်ပြုပြင်နည်းများပို့ချပေးမည်ဟုသိရသည်။
မေတ္တာဝါဒီကျောင်း၊လှိုင် ၊ရန်ကုန်တွင်ဖွင့်လှစ်မည်ဟုသိရသည်။

အသေးစိတ်သိလိုပါက
ဖုန်း - ၀၉ ၅၀၈၂၈၈၄ သို့ ဆက်သွယ်မေးမြန်းပါ။

ပြည်ပတက္ကသိုလ်စကောလားရှစ်များကိုစုံစမ်းနိုင်ရန်

ပြည်ပတက္ကသိုလ်စကောလားရှစ်များကိုစုံစမ်းနိုင်ရန်
Crown Education Center
Summit Parkview Hotel
Ph -  211888 ex 228
     09-73273277

Osaka Sangyo University Scholarship

Osaka Sangyo University Scholarship


Last date  Oct  24 ,2011
www.nyushi.osaka-sandai.ac.jp
Myanmar Ph : 504834,535499

California Lutheran University Scholarship

California Lutheran University Scholarship

လျောက်ထားလိုသူများလေ့လာ၇န်
admission@callutheran.edu
www.clu.edu
Ph - 805-493-3135

Medical & Nursing University@USA Scholarship

Medical & Nursing University@USA  Scholarship
USA Nursing &  Medical Service (University @USA)
Last statement date @2012 april

Register online
www.ptk.org/?q=become-a-member/scholarships/lanza&destination=node/28729

Myanmar International ICT Exhibition 2011 (free ICT show)

Myanmar International ICT Exhibition 2011 (free ICT show)
20-23  Oct 2011
Tatmataw Exhibitation Hall,Yangon Myanmar

Overseas Edu Service Center (Free Seminar)

Overseas Edu Service Center (Free Seminar)

Oct -22,2011
10 am  to  12 pm
DNH Tower ,upper of KBZ bank ,Pyay Rd,Yangon.
01-519092

Singapore ပညာရေးပြပွဲကြီး (Mandalay)

Singapore ပညာရေးပြပွဲကြီး (Mandalay)
Free Seminar with Presents
Hotel Mandalay
22 Oct  2011
9 am  to 1 pm
Tel: 09-5026005,0949220232

Raffles Free Seminar

Raffles Free Seminar

Design,Commerce,Science & Technology
Singapore,Australia,Thildland,China,India University
Date - 23 Oct 2011
Park Royal Hotel
1:00 pm  to  4:00 pm
Tel - 01-382531,09-5416562

UK Education Fair Free Seminar

UK Education Fair

အောက်တိုဘာလ ၁၈ ၊၂၀၁၁ တွင် ကုန်သည်ကြီးများဟိုတယ်မှာကျင်းပပါမည်။
နေ့လည် ၁ နာရီမှ  ညနေ ၅နာရီအထိဖြစ်သည်။
UK ပညာရေးအကြောင်း၊စကောလားရှစ်များ၊ရွေးချယ်စရာကျောင်းမှာစသည်တို့ ကိုစုံလင်စွာ
ကျောင်းတစ်ကျောင်းစီအကြောင်းအသေးစိတ်ရှင်းပြမည်ဖြစ်ပါသည်
စိတ်ပါဝင်စားသူများ အနေဖြင့် ဖုန်း - ၀၉-၅၁၃၅၁၁၅ နှင့် ၅၂၅၁၁၂ တို့ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။

စီမံအုပ်ချုပ်မှုဆိုင်ရာကိုယ်ကျင့်တရားပညာ (ဆွေးနွေးပွဲ)

စီမံအုပ်ချုပ်မှုဆိုင်ရာကိုယ်ကျင့်တရားပညာ (ဆွေးနွေးပွဲ)

ဟောပြောမည့်သူ - ဒေါက်တာဆန်းထွန်း (ဒသနိကပါမောက္ခဌာနမှူး-ဒဂုံတက္ကသိုလ်)
                        (စာရေးဆရာ-ဆန်းထွန်းသောင်)

နေ့ရက် - ၁၆ အောက်တိုဘာ ၂၀၁၁
အချိန်-နေ့လည်  ၁ နာရီ
နေရာ -WISE International School For Executives
ဖုန်း - ၅၅၆၁၈၃,၀၉-၅၁၅၇၀၃၂

James Cook University,Australia Seminar (Free)

James Cook University,Australia  Seminar (Free)

JCU is the second oldest University in Queensland,Australia.
JCU offers Diploma,Bachelor of Business,Accounting,Marketing,Internetional Business,
IT,Management and Sports and Eventsmanagement.
Date - 19 Oct 2011 (WED)
TIME-10:30 am
Venue- AVSS Myanmar Office
         No-42(D-3),First Flow,Bo Yar Nyunt St,Yaw Min Gyi Ward,Dagon Tsp.
Tel - 393366,09-73035503

SAA Global Education Seminar (Free)

SAA Global Education Seminar (Free)

ACCA,FIA,CAT
Including Accounting  University
For Full Scholarship Available

Date - 16 Oct 2011 (Sunday)
Time - 10:15 am  To 12:15 pm
Place- AT&S Myaynigone Office
        အမှတ်၁၆၊မြေနုလမ်း၊မဟာမြိုင်
Phone- 09-5124761,09-5062171




WYTU နဲ့ပါတ်သတ်တဲ့ သတင်းတွေကိုဒီမှာတင်ပေးသွားမယ်

West Yangon Technological University ရဲ့ သတင်းများ
T U  ဆိုင်ရာသတင်းများ၊ဗဟုသုတများကို  ဒီဘလော့လေးမှာ ယာယီတင်ပေးသွားပါမယ်
Beta အဆင့်ပဲထားရှိမှာ ဖြစ်ပြီး Update  ဖြစ်ဖို့ကိုတော့ကြိုးစားလုပ်ဆောင်သွားပါမယ်

ADMIN  Team