Wednesday, October 19, 2011

အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင် ကျောင်းမှ သင်တန်းများ ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်ကျောင်း သင်တန်း၊ ပန်းအလှ ပြင်သင်တန်း၊ အစားအစာနှင့် မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းများကို အောက်တိုဘာ ၁၇ ရက်နေ့ တွင် စတင်ဖွင့်လှစ်မည် ဟုသိရသည်။ သင်တန်းကာလမှာ တစ်လခွဲကြာ မြင့်မည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေပိတ်ရက်မှ လွဲ၍ ရုံးဖွင့်ရက်များတွင် နေ့စဉ်သင်ကြား ပေးမည်ဖြစ်သည်။
အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်း မြန်မာစာရေး ဖတ်တတ်သူ ပြည်ထောင်စု မြန်မာနိုင်ငံသား/သူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။
အဆိုပါကျောင်းသည် အချက်အပြုတ်၊ အချုပ်အလုပ်စသော လက်မှု ပညာရပ်များကို ကျွမ်းကျင်စွာသင်ကြား ပေးပြီး အသက်မွေးဝမ်းကျောင်း လုပ်နိုင်စေရန် ရည်ရွယ်ကာ ယင်းသင်တန်းများကို ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။
အထက်ပါသင်တန်းများကို တက် ရောက်လိုပါက အိမ်တွင်းမှု သက်မွေးလုပ် ငန်းပညာသင် ကျောင်း၊ ဓမ္မစေတီလမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၅၃၆၂၈၀ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

From Health Care

Security (Eithical Hacking) သင်တန်းဖွင့်ပြီ .............

Security နှင့် ပတ်သက်သည့် နိုင်ငံတကာ အသိအမှတ်ပြုသည့် စာမေးပွဲကို ဖြေဆိုရန်အတွက် ပြည်တွင်းတွင် Telecom နှင့် Cyber Security သင်တန်းကို ပထမဆုံး အကြိမ်အဖြစ် ဖွင့်လှစ်ပေးမည်ဖြစ် သည်ဟု အဆိုပါသင်တန်းကို ဖွင့် လှစ်ပေးမည့် M.S.T Computer Center မှ သိရသည်။ ယင်းသင်တန်းမှာ ပြည်တွင်း တွင် ပထမဆုံးအကြိမ်အဖြစ် ဖွင့် လှစ်သင်ကြားပေးခြင်းဖြစ်ပြီး ပြည် တွင်းတွင် နိုင်ငံတကာ အသိအ မှတ်ပြုSecurity ပညာရှင်များ ထွက် ပေါ်လာစေရန် ရည်ရွယ်သည်ဟု M.S.Tသင်တန်းကျောင်းမှ ဆရာ ဦးအောင်ဇော်မြင့်က ပြောကြား သည်။
ဦးအောင်ဇော်မြင့်က "သင် တန်းလုပ်ပေးတာကSecurity မှာ အမြင့်ဆုံးဖြစ်တဲ့ CEH (Certified Ethical Hacking)ကို ယူစေချင်တာ ပါ။ ကမ္ဘာကလည်း အသိအမှတ်ပြု ထားတဲ့ လက်မှတ်ဖြစ်ပါတယ်။ အဓိက သင်မယ့် ဘာသာရပ်တွေ အတွက် လိုအပ်တဲ့စာအုပ်တွေ ရှိ တယ်။ Tools တွေရှိတယ်။ အခွေ တွေရှိတယ်။ အဲဒါတွေနဲ့ စာမေး ပွဲကြေးကိုက ငါးသိန်းရှိပါတယ်။ ဒီ ceh ရပြီဆိုရင်တော့ ကမ္ဘာက အသိအမှတ်ပြု လက်မှတ်ပါပဲ။ ကွန်ပျူတာနဲ့ ကျောင်းပြီးသွားတဲ့ သူတွေ၊ Networking ကို လေ့လာ ထားတဲ့သူတွေ ဖြေဆိုရင် အဆင် ပြေပါတယ်။ သင်တန်းက နှစ်လ ပါ။ အခြားနိုင်ငံတွေမှာဆိုရင် တစ် ပတ်လောက်နဲ့ သင်ပေးတာ ရှိပါ တယ်။ သင်တန်းတက်မယ့် သူ တွေအတွက် အားလုံးကို ၁၅ ရာ ခိုင်နှုန်း ဈေးလျော့ပေးမှာပါ" ဟု ဆိုသည်။ ယင်းသင်တန်းအတွက် စာ မေးပွဲကြေးနှင့် ပစ္စည်းများအတွက် ငါးသိန်းကျပ် ကျသင့်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ငါးသိန်းဖြစ် သည်။ သင်တန်းတက်ရောက်မည့် သူတိုင်းကို ၁၅ ရာခိုင်နှုန်းလျော့ ဈေးပေးမည်ဖြစ်ပြီး M.S.Tမှ သင် တန်းသားဟောင်းများ၊ မြန်မာ့ ဆက်သွယ်ရေးမှ ဝန်ထမ်းများနှင့် ရတနာပုံတယ်လီပို့မှ ဝန်ထမ်းများ ဆိုပါက ၂၀ ရာခိုင်နှုန်း ဈေးလျော့ ပေးမည်ဟု သိရသည်။ ဦးအောင်ဇော်မြင့်က ဆက် လက်၍ "ဒီသင်တန်းက ဖွင့်ချင် တဲ့သူ ဖွင့်လို့မရပါဘူး။ ဒီသင်တန်း ဖွင့်မယ်ဆိုရင် EC Council ရဲ့ အသိ အမှတ်ပြု သင်တန်းကျောင်းဖြစ် ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော် တို့က အဲဒီအတွက် ပြင်ဆင်ရပါ တယ်။
သူတို့က လက်ခံမှဖွင့်လို့ အဆင် ပြေမှာပါ" ဟု ပြောသည်။ အဆိုပါ သင်တန်းကို ပြည် တွင်းတွင် ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်း သား အယောက် ၂၀ သာ သင် ကြားပေးမည်ဖြစ်သောကြောင့် စာ ရင်းပေးသွင်းနိုင်ပြီဟု သိရသည်။ စာရင်း ပေးသွင်းလိုသူများအနေ ဖြင့် အောက်တိုဘာ လလယ်ခန့် နောက်ဆုံးထား၍ ပေးသွင်းရမည် ဖြစ်သည်။ သင်တန်းကို တက်ရောက် လိုသူများအနေဖြင့် ဗိုလ်အောင် ကျော်လမ်းရှိ M.S.T Computer Center တွင် စုံစမ်းနိုင်ပြီး ဖုန်းနံပါတ် ၃၉၂၁၆၅ သို့ ဆက်သွယ်နိုင် သည်။

From  Net guide !!

ဂျပန်နှင့် ရုရှားဘာသာသင်တန်းများ ပညာဒါနသင်တန်း ဖွင့်လှစ်မည်

မြန်မာလူငယ်များ၊ အလုပ် အကိုင်အခွင့်အလမ်းများအတွက် အထောက်အကူဖြစ်စေရန် ရည် ရွယ်၍ (လုံးဝ) ပညာအလှူစစ်စစ် အဖြစ် ဂျပန်ဘာသာနှင့် ရုရှား ဘာသာ အခြေခံအဆင့် တန်းခွဲ သစ်များကို ၂၀၁၁ ခုနှစ်၊ အောက် တိုဘာလတွင် MDGE Japanese Schoolမှ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။
မိမိဘဝ တိုးတက်ရေးအ တွက် အမှန်တကယ် ပညာလို လားသူများ၊ နိုင်ငံတကာနှင့် ရင် ဘောင်တန်းနိုင်ရန် ကြိုးစားနေ ကြသူများအား ပံ့ပိုးပေးသည့် အနေဖြင့် အဆင့်မြင့်စာသင်ခန်း များတွင် တိကျခိုင်မာသည့် သင် ရိုးညွှန်းတမ်းများကို အသုံးပြုသင် ကြားပေးမည်ဖြစ်ပြီး သင်တန်း ကြေးနှင့် စာရွက်စာတမ်းကြေး များ လုံးဝကင်းလွတ်သည့် ပညာ အလှူစစ်စစ်ဖြစ်ကြောင်းတို့ကို MDGE Japanese Schoolမှ တာဝန်ခံ ကျောင်းအုပ်ဆရာမ ဒေါ်မြတ်မြတ် ဇင်ထံမှ သိရှိရပါသည်။
သင်တန်းချိန်များမှာ အပတ် စဉ် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ နေ့များဖြစ်၍ ဝန်ထမ်းများပါ တက် ရောက်သင်ယူနိုင်မည်ဖြစ်သည်။ ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများသည်MDGE Japanese Schoolအမှတ် ၂၃၊ ဒုတိယ ထပ်၊ ငုဝါလမ်း (အလုံဈေးအနီး)၊ အလုံမြို့နယ်၊ ဖုန်း- ဝ၉-၇၃၀ ဝ၂၅၁၆၊ ဝ၉-၇၃၀၃၈၂၄၆ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိ ရပါသည်။

G mail အကောင့်လုပ်မရဘူးလား ???

ပထမနည်း(FROM- Shwe အင်းသား)



မဇ္ဈိမ မှာ သတင်းလေးတစ်ပုဒ်ဖတ်လိုက်ရတော့ အံ့လည်းသြသွားတယ်ဗျာဖတ်ချင်ရင် ဒီမှာ ဖတ်ကြည့်လိုက်ပါ ဒါကြောင့် ကျွန်နော် တို့ မြန်မာပြည်က အင်တာနက်သုံးသူတွေ အဆင်ပြေအောင်လို့ ဒီပို့စ်လေး ကို တင်လိုက်တာပါ ကျွန်နော် ကိုယ်တိုင်လည်း Gmail အကောင့်အသစ်လုပ်ကြည့်ပီးသွားပါပီ တော်တော် အဆင်ပြေပါတယ် ဘာ Verify Code ၊ ဘာဖုန်းနံပါတ်မှ မတောင်းပါဘူး တော်တော်ကိုအဆင်ပြေပါတယ် အောက်မှ ပြထားပါတယ်  မရှင်းလျှင် ကျွန်နော့် ထံ မေလ်းပို့ပီး မေးမြန်းနိုင်ပါတယ်
Gmail အကောင့်အသစ်ကို မြန်မာပြည်က နေလုပ်မရဘူး ဖုန်းနံပါတ်တွေတောင်းနေတယ်ဆိုပီး

Sunday, October 16, 2011

"ပညာရပ်တစ်ခုအတွက် အောင်မြင်မှုသော့ချက်" ဟောပြောပွဲကျင်းပမည်

"ပညာရပ်တစ်ခုအတွက် အောင်မြင်မှုသော့ချက်" ဟောပြောပွဲကျင်းပမည်

ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ကျောင်းသား၊ကျောင်းသူများအတွက် "ပညာရပ်တစ်ခု အတွက် အောင်မြင်မှုသော့ချက်" ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာလ ၂၀ ရက်၊ ညနေ ၅း၃၀ တွင် ကျင်းပမည် ဖြစ်ပါသည်။
ထို ဆွေးနွေးပွဲတွင် ဆရာဦးအောင်ဝင်း (Aung Win Training Centre) မှ ကျောင်းသား၊ကျောင်းသူများ ပညာရပ်တစ်ခု သင်ကြားရာ၌ လိုရာပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် ကြိုးပမ်းမှုအပြင် ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် လိုအပ်သော အရည်အချင်းများ နှင့် ကျော်လွှားပုံ နည်းလမ်းကောင်းများအား အကြံပြု ဟောပြောမည် ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များနှင့် တက်ရောက်ရန်စာရင်းပေးရန်

IELTS စာမေးပွဲကို ၂၀၁၂မှစ၍မြန်မာငွေဖြင့်သာပေးသွင်းရတော့မည်

IELTS စာမေးပွဲကို ၂၀၁၂ဇန်န၀ါရီလမှစ၍မြန်မာငွေဖြင့်သာပေးသွင်းရတော့မည်ဖြစ်သည်
မြန်မာကျပ်ငွေ ၁၃၀၀၀၀ သာကျတော့မည်။ဗြိတိသျှကောင်စီတွင်သွင်းရမည်ဖြစ်ပြီး
လိုအပ်သောဓါတ်ပုံကိုလဲBC  မှာ ပင် ရိုက် ရတော့မည်ဖြစ်သည်။
ယခုနှစ်အတွက်လက်ကျန် IELTS စာမေးပွဲကို ၁၄၆ $ ပေးသွင်းရမည်ဖြစ်သည်

Hacker High School စာအုပ်များ

ကျနော်ဘာသာပြန်နေပါတယ်။ကြာပါဥိးမည်။
ဒီတော့ဘာသာပြန်ပေးမယ့်သူများ....မိမိသိတာကိုသူတပါးကိုမျှဝေချင်သူများ
ဒေါင်းပြီးဘာသာပြန်ကြပါ။သူကဟက်ကင်းကို  Eithical ပဲပြောတာ ပါ ။ဆကျူရတီအရသင်ပေးတဲ့
စာအုပ်တွေပါ......................


အောင်စာရင်းထွက်မည့်နေ့ (၂၀၁၁)

GTU  ကျောင်းများ၏အောင်စာရင်းကို   ၄  နိုဝင်ဘာတွင်ထွက်ရှိမည်ဟုသတင်းများထွက်ပေါ်
ကျောင်းအပ်ရက် ကို  ၁၅ ရက်  နေ့ နိုဝင်ဘာ  ၂၀၁၁ ဟုသိရ......


သတင်းမှန်မမှန်ကိုဆက်လက်စုံစမ်းနေပါသည်။တိတိကျကျသိရှိပါက တင်ပေးသွားပါမည်။